ကျောက်တံတားမြို့နယ်တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်

ကျောက်တံတား မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ၊ မုန်တိုင်း ဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ/ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ/ရှောင်ရှားသင့်သည့် အချက်များနှင့် နိုင်ငံတော်မှ တရားဝင်ထုတ်ပြန် ကြေညာထားသော မုန်တိုင်းဘေးအန္တရာယ် သတင်းများကို စဉ်ဆက်မပြတ် နားထောင်ကြရန်နှင့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး/တုံ့ပြန်နိုင်ရေး အသိပေးချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)