နမ္မတူ မေ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပန်ဟိုက်ရပ်ကွက် (၆)ရှိ အာကစားကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများ၊ တပ်နယ်တပ်ရင်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ လုပ်ငန်းကုမ္ပဏီများနှင့် ဒေသခံပြည်သူများ စုဖွဲ့အင်အား (၁၈၇) ဦးတို့က စက်ယန္တယား (၂၈)စီးဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အုပ်ချုပ်မှုအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ ယာဉ်/ယန္တရား စုဖွဲ့မှုအဖွဲ့၊ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့တို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကယ်ဆယ်ရေးပစ္စည်းများ၊ ကျန်းမာရေးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ယာဉ်/ယန္တယားများနှင့် အခြားအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားသည်များအား ရှင်းလင်း တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)