ကြည့်မြင်တိုင် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက် (နတ်စင်လမ်းမှ ဈေးကြီးလမ်းအထိ) အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း ကြိုးများနှင့် မလွတ်ကင်းသော အပင်ကြီးများ၊ သစ်ပင်၊ သစ်ကိုင်များအား ခုတ်ထွင်ရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သစ်ပင် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒု-မြို့တော်၀န် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ လာရောက်စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)