ပန်ဝါ မေ ၁၂
ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် အများပြည်သူမုန်တိုင်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် မုန်တိုင်း ကျရောက်လာပါက ရှောင်ရန်ဆောင်ရန်နှင့် လိုက်နာရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီတွင် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ လမ်းဆုံလမ်းဂွများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အများပြည်သူသို့ မုန်းတိုင်းသတိပေးကြေညာချက်တွင် အဆိုပါမုန်တိုင်းနှင့် ပတ်သက်၍ မေလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ထုတ်ပြန်ချက်များ၊ မုန်တိုင်းနှင့် ပတ်သက်သော အရောင်အဆင့် သတ်မှတ်ချက်များ၊ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ မုန်တိုင်းကျရောက်နေစဉ် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက စီမံထားသည့် မုန်တိုင်းကျရောက်လာပါက ပြည်သူများ ခိုလှုံရမည့် သတ်မှတ်နေရာများအား အသိပေးခြင်းများပါဝင်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာမှုရှိစေရန် လိုက်လံသတိပေးနှိုးဆော်ခြင်းဖြစ်ကာ ကော်မတီ အနေဖြင့် စီမံချက်များရေးဆွဲ၍ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်းပါဝင်ပြီး လော်စပီကာများဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပန်ဝါ(ပြန်/ဆက်)