မြစ်ကြီးနားမြို့၌ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေး အသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေ

မြစ်ကြီးနား     မေ    ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မေ ၁၂ ရက် နံနက် ၁၁ နာရီက ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဂျူလီယန်နာနှင့် ဝန်ထမ်းများ၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခေါန်ဆိုင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ထူးနှင့် ဝန်ထမ်းများ စုပေါင်း၍ အမှတ်() ဈေး၊ အမှတ် () ဈေး၊ ရေစင်ဈေး အတွင်း/ အပြင် ဈေးရောင်း/ ဈေးဝယ်များ၊ လူစည်ကားရာ နေရာများ ဖြစ်သည့် လမ်းဆုံလမ်းဂွများနှင့် မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ကားဂိတ်များနှင့် ခရီးသွား ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ မုန်းတိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင် ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေစဉ်တွင် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များနှင့် မုန်တိုင်း ဖြစ်ပေါပြီးချိန်တွင် ပြုလုပ်ရန်အချက်များ ပါဝင်းကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)