မချမ်းဘော လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မချမ်းဘော မေ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မူကြိုကလေးငယ်များ ငယ်စဥ်မှစ၍ စာကြည့်တိုက် အသုံးပြု တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဥ်များကို ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားကာ ပုံပြင်ဖတ်ပြခြင်းအစီအစဥ်များကို ဆောင်ရွက်ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ Himalayans Education Centre မှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)