ဒေါ့ဖုန်းယန်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဒေါ့ဖုန်းယန် မေ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို ယနေ့ နံနက် ၈ နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးနောင်းနောင်းနန်းဦးနှင့် ဌာနဆိုင်ရာများ၊ ကျေးလက် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှတ်(၁)ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦတို့တွင်  ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများဖြစ်သော ညောင်ရေအိုးများ၊ မိုးရေတင် နိုင်သော တာယာကွင်းများနှင့် အိုးခွက်များကို စစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရေတွင်း၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒေါ့ဖုန်းယန်မြို့ ကျေးလက် ကျန်းမာရေးဌာနရုံးအဖွဲ့ထံမှ သိရသည်။

(မြို့နယ်ပြန်/ဆက်)