မာန်အောင် မေ ၁၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရန် ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းပေးပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဥ်ဖြင့် ထောက်ပံ့သော စားနပ်ရိက္ခာများကို ရှေ့တန်းအမှတ်(၃၄၄)ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ အမှတ်(၁၉)ရေတပ်စခန်းမှ ဗိုလ်မှူးကျော်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုး၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်သန်းဝင်း၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာရှိ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်ပြီး ခအုန်းမော်ကျေးရွာ၊ သိမ္ဘလကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ပန်းဖဲကျေးရွာ၊ ရေမျက်ဝကျေးရွာ၊ ကျီချောင်းဝကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျူကျေးရွာ၊ ကမားကျေးရွာ၊ ကအီးကျေးရွာစသည့် ဆိုင်ကလုန်း Shelter များတွင် လာရောက်ခိုလုံလာကြသည့် ဒေသခံပြည်သူ အိမ်ထောင်စု(၂၂၀၇)စု၊ ကျား(၂၃၈၂)ဦး၊ မ(၂၄၄၇)ဦး၊ စုစုပေါင်း(၄၈၂၉)ဦးတို့အား ဆန်(၁၉၀)အိတ်၊ ဆီ(၁၉၀)ပိဿာ၊ ငါး(၉၀) ပိဿာ၊ ဆား(၉၀)ပိဿာတို့အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)