ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(9) (ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ) ဘာသာရပ်များ နည်းပြဆင့်ပွားသင်တန်း အခမ်းအနားကျင်းပ

ကမာရွတ် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အခြေခံပညာ အမှတ်(၁)အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(9) (ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ) ဘာသာရပ်များ နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ကအဖွင့် အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ညွှန်ကြားရေးမှူး(ပညာ)ကသင်တန်းသား သင်တန်းသူ ဆရာဆရာမများကို လမ်းညွှန်အမှာ စကားပြောကြားပေးခဲ့ပါသည်။

အဆိုပါသင်တန်းကို မေလ(၁၂)ရက်နေ့မှ (၁၆) ရက်နေ့အထိသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့စုစုပေါင်း သင်တန်းသားဆရာ၊ဆရာမ (၂၀၆)ဦး တို့တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စိမ်းလဲ့ (ပြန်/ ဆက်)