မင်္ဂလာဒုံမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ပြည်လမ်းအဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

မင်္ဂလာဒုံ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက် မြို့ရှောင်လမ်းရှိ သဲဖြူချောင်းအား မိုးဦးကာလရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် မြောင်းချေးများ၊ နုန်းမြေများ၊ အမှိုက်များနှင့် ဗေဒါပင်များ ဆယ်ယူရှင်းလင်းခြင်း၊ ထောက်ကြန့် ပြည်လမ်းအဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လာ​ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးညီညီနှင့် အတွင်းရေးမှူး၊ တိုင်း​ဒေသကြီးစည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများက ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှင်းလင်းဆောင်ရွက်နေမှုများနှင့် ပြည်လမ်းအဆင့်မြှင့်တင်တိုးချဲ့နေသည့် အခြေအနေများကို လာ​ရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြတ်သူဇာ(မင်္ဂလာဒုံ )