ကမာရွတ် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၉း၂၀)နာရီအချိန်က တက္ကသိုလ်ရိပ်သာလမ်း၊ အမေရိကန်စင်တာအနီးရှိ စိန်ပန်းပင်လုံးပတ် (၄)ပေ၊ အမြင့်(၂၅)ပေခန့်ရှိ စိန်ပန်းပင်လဲကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါသစ်ပင်လမ်းသားပေါ်သို့ ကျနေမှုအား ကမာရွတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးဦးစီးမှူး ဥက္ကဋ္ဌဦးကောင်းမြင့်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းအဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများ ခရီးသွားလာရာတွင် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည် ။
စိမ်းလဲ့