မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွယ် ကယ်ဆယ်နိုင်ရန် အတွက် ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

မြောက်ဦး  မေ  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၇ နာရီက အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ဆွေဦးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးစန်းလွင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းကြောင့် ချောင်းအတွင်းမျောပါပြီး ရေနစ်မြုပ်နေသူများအား ရှာဖွယ်ကယ်ပေးခြင်း၊ ပြည်သူ့ များ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)