ရွှေပြည်သာမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေပြည်သာ  မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ အသိပေးဟောပြောကို ယနေ့မွန်းတည့်(၁၂)နာရီတွင် အမှတ်(၁၀)ရပ်ကွက်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသွင်ယုနိုင်၊ စာရေးဆရာ ဝင်းနွယ်(ပုသိမ်)တို့က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရှောင်ရန်ဆောင်ရန်များ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များအား ပြည်သူများ သင်ခန်းစာယူ၍ သတိပြုဆင်ခြင်နေထိုင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပွဲသို့အမှတ်(၁၀)ရပ်ကွက်ရှိ ရာအိမ်းမှူး/ ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ ဆက်)