ရွှေပြည်သာမြို့နယ်၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား

 သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပေးဟောပြောကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁၁)ရပ်ကွက်ပတ္တမြားဈေးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးသွင်ယုနိုင်၊ စာရေးဆရာဝင်းနွယ်(ပုသိမ်)တို့က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရှောင်ရန်ဆောင်ရန်များ

 သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များအား ပြည်သူများသင်ခန်းစာယူ၍ သတိပြုဆင်ခြင်နေထိုင်ရန်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပွဲသို့ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်များ၊ ဈေးသူဈေးသားများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)