ရခိုင်ပြည်နယ် မောင်တောမြို့၌  သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်

မောင်တော  မေ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကျေးရွာအုပ်စု ( ၆)စု၊ အိမ်ထောင်စု  ၉၉၄ စု ၊ လူဦးရေ ၈၆၇ ဦးအား ဘေးလွတ်သည့် ခိုလှုံ ရွှေ့ပြောင်းရာ နေရာများသို့ ယနေ့ နံနက်ပိုင်းက  မော်တော်ယာဉ်များဖြင့်  ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေး အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက  စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်း(၁၆)မျိုး အသင့်စုဆောင်းထားရှိပြီး ကူညီထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)