မန္တလေးမြို့တွင် မုန်တိုင်းအသိပညာပေး နံရံကပ်စာစောင်ပြသ

မန္တလေး  မေ ၁၂

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များနှင့် အရောင်အညွှန်းဖြင့် လုပ်ဆောင်ရမည့်အချက်များအကြောင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊  မုန်တိုင်းကျရောက်သည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံမုန်တိုင်းရာသီအကြောင်း၊ မြန်ကမ်းရိုးတန်းသို့ ၁၈၇၇ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း မုန်တိုင်းများ ဖြတ်ကျော်မှုရာခိုင်နှုန်းများ၊ မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ဘင်္ဂလားပင်လယ်အော်ကို ပိုင်းခြားထားသည့် အပိုင်း ၆ ခုနှင့် မုန်တိုင်းကြောင့် မြင့်တက်လာသည့် ရေလှိုင်းများအကြောင်း စသည့်အချက်များကို ပြည်သူများသိရှိစေရန် နံရံကပ်စာစောင်ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)