မိုင်းဖြတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက်ကလေးငယ်များကို ဒုတိယအကြိမ် အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အမီလိုက်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော်ဦးစီး၍ သူနာပြုဆရာများက စျေးတန်းရပ်ကွက်ရှိ အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက် ကလေးငယ် ၂၁၈ဦးကို ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခြင်း၊ ဆုံစို့နာကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို (အခမဲ့) ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)