တောင်သာ မေ ၁၂
တောင်သာမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၉) နာရီအချိန်က တောင်သာ အ.ထ.က ကျောင်းရှေ့၌ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းလက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သာ အ.ထ.က ကျောင်းရှေ့၌ လက်ကမ်းစာစောင် စောင်ရေ (၂၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)