တာချီလိတ်မြို့၌ “မုန်တိုင်းအန္တရာယ်” အသိပညာပေး Talk Show ဆောင်ရွက်

တာချီလိတ် မေ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွှဲ (၁) နာရီက “မုန်တိုင်းအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က  On line အသိပညာပေး Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် မုန်တိုင်းအန္တရာယ်အကြောင်း လိုက်နာသိရှိ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တာချီလိတ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းက မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်နိုင်သည့်ကာလ၊ အခြေအနေ၊ မုန်တိုင်းဖြစ်ပေါ်လာမှုကြောင့် သက်ရောက်မှုအနေအထားများ၊ မုန်တိုင်းအမျိုးမျိုးနှင့် လေမုန်တိုင်းဖြစ်ပေါ်လာသည့် အကြောင်းရင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်သင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့် အချက်များအား အကျယ်တဝံ့အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)