မိုးနဲ မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်းရပ်ကွက်နေ တောင်သူအများအပြား ယခင်သခွားပင်များ စိုက်ပျိုးရောင်းချရာတွင် စျေးကောင်းရသဖြင့် ထပ်မံတိုးချဲ့ စိုက်ပျိူးလာကြကြောင်း သိရသည်။
မိုးနဲမြို့နယ်ရှိ ဒေသနေပြည်သူများသည် မွေးမြူရေးထက် စိုက်ပျိုးရေးလုပ်ငန်းကိုသာ မိသာစု စီးပွားရေးလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ဖူးစားပြောင်း၊ သခွားမွှေး၊ သခွားသီး၊ ခရမ်းချဥ်၊ ဖရုံ၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်၊ ငရုတ်ပွသီးနှင့် ငရုတ်သီးစိမ်းတို့ တစ်နိုင်တစ်ပိုင်အဖြစ် အများအပြား စိုက်ပျိုးလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်တွင် စျေးကောင်းရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ နာဟောင်ရပ်ကွက်နေ တောင်သူများအနေဖြင့်လည်း ချောင်းနံဘေးတွင် ယာခင်းရှိပြီး ရေလုံလောက်စွာရရှိသဖြင့် စိုက်ပျိုးသီးနှံများဖြစ်ထွန်း၍ ရောင်းချရာတွင် စျေးကောင်း ရရှိနေကြောင်း၊ မိမိယာခင်းအတွင်းတွင်လည်း သခွားသီးစျေးကောင်းရရှိနေသဖြင့် သခွားပျိုးပင်ပေါင်း (၆၀၀)ကို ထပ်မံစိုက်ပျိုးသွားရန်ပြင်ဆင်ထားကြောင်း၊ သခွားစိုက်ပျိုး ရာတွင် အစေ့ချ၍ ပလားစတစ်အကြည် ဖုံးအုပ်ပေးခြင်းဖြင့် အပင်ထွက်နူန်းမြန်ဆန်စေပြီး၊ အပင်ကြီးထွားနူန်းကောင်းစေကြောင်း၊ သခွားပင်များကို နာဟောင်ရပ်ကွက်နေ တောင်သူအများအပြား ထပ်မံစိုက်ပျိုးနေကြကြောင်းနှင့် ဖရုံ၊ ခရမ်းချဥ်၊ သခွားမွှေး၊ ငရုတ်ပွသီးများကိုပါ စိုက်ပျိုးထားကြကြောင်း စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)