မက်မန်း မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ယ်၊ ပန်ဖိန်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးသော ကျေးရွာဘက်စုံသုံးခန်းမဆောင် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၃၀ နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲမှူး ညွန့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသူ/ ရွာသားများ တက်ရောက်ခဲ့ကြပြီး၊ ခန်းမဆောင်အား နိုင်ငံတော်မတည်ငွေ ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၃၂) သိန်းတို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျေးရွာနေပြည်သူများ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စုပေါင်းတိုင်ပင်ဆွေးနွေးရာတွင် အသုံးပြုရန်အတွက် ဘက်စုံသုံးခန်းမအဖြစ် ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် မိမိတို့ ပန်ဖိန်းကျေးရွာအတွက် အလွန်အကျိုးကျေးဇူးရှိလှပါကြောင်းနှင့် အကျိုးရှိစွာ အသုံးချမည်ဖြစ်ပါကြောင်း ကျေးရွာမှ ရပ်မိ/ရပ်ဖတစ်ဦးက ပြောကြားကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)