မိုင်းငေါ့ မေ ၁၂
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒေသနေပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် သဘာဝဘေး အန္တရာယ်ကျရောက်ပါက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစီမံထားချက်များ၊ မုန်တိုင်းအတွက် သတိပြုလိုက်နာရန် အချက်များကို လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က မုန်တိုင်းမကျရောက်မီ ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရန်အချက်များစသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းငေါ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Talk Show) ဆွေးနွေးပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)