သီပေါ မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက်(၉)နာရီက လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်း၏ နောက်ခံသမိုင်း၊ လူကုန်ကူးမှုပုံစံများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံများ၊ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်မှု အခြေအနေများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သောရုပ်ပုံ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာဆိုးကျိုးများ၊ အန္တရာယ်၊ ဆောင်ပုဒ် စသည့် သိသင့်သိထိုက်သော အကြောင်းအရာ များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)