နမ့်ဆန် မေ ၁၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းမှ အနာဂတ် ကလေးသူငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာများပြည့်စုံလာစေရန် စသည်ဖြင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ ကလေးသူငယ်များအား ပဟေနိအမျိုးမျိုးဖြင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ကလေးသူငယ်များမှ စိတ်ဝင်တစားဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရပြီး၊ ပြိုင်ပွဲတွင် ကလေးသူငယ်(၁၅)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်-ဒေသ အဆင့်ရုံးအနေဖြင့် မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ် စာစောင်များ ဌားရမ်းပေးခြင်းအပြင် သင်တန်းများ၊ ပန်ချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ စသည့်အစီအစဉ်များနှင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)