ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နမ့်ဆန် မေ ၁၂ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များ ၊ကျန်းမာရေးလှုပ်ရှားမှု များကို Online မှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ ကလေးလူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲကိုပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် “လူငယ်နဲ့ ကျန်းမာရေးခေါင်းစဉ် မှာကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားမယ်၊ လတ်ဆတ်တဲ့ အသီးအနှံတွေစားပေးမယ်၊ အသင့်စားအစားအသောက် အချိုရည်မျိုးစုံကို ရှောင်မယ်၊ကိုယ်ဝါသနာပါရာကိုယ်လက်လှုပ်ရှား အားကစားများကို လုပ်ရင်အကျိုးရှိနိုင်တယ်။ ကိုယ်ကျန်းမာရေးအပြင်စိတ်ကျန်းမာဖို့ “လူကိုစိတ်ကအုပ်ချုပ်တယ်၊ စိတ်ကိုဉာဏ်ပညာကအုပ်ချုပ်တယ်၊ ဉာဏ်ပညာကို ဗဟုသုတကရတယ်၊ ဗဟုသုတကို စာအုပ်စာပေတွေထဲကရနိုင်တယ်လို့ “ဆရာကြီးပီမိုးနင်းက ဆိုထားသလို ခန္ဓာအစာအာဟာရဖြည့်တင်းဖို့လိုသလို ဦးနှောက်ဖွံ့ဖြိုးဖို့စာအုပ်များကို ဖတ်ရှုလေ့လာစေလိုပါတယ်။ စာအုပ်တွေကလူကို ပြုပြင်ပးနိုင်တယ်၊ လိမ္မာယဉ်ကျေးပြီး အသိပညာ အတတ်ပညာများ တိုးပွားစေနိုင်ပါတယ်” ဟု အကျယ်တဝင့် ပြောကြားခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိပါကြောင်း သိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)