မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရမည်းသင်း  မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ မြို့မ‌ဈေး၊ အ‌နှေးယာဉ်ဆိုက္ကားဂိတ်နှင့် ဝါတိုး‌ဈေး ကုန်းရပ်ကွက်အတွင်း ယနေ့ နံနက် ၈ နာရီက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး‌ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး‌ဒေါ်ဇင်မာထွန်းနှင့် ဝန်ထမ်းများ စုပေါင်း၍ ရမည်းသင်းမြို့ လူစည်ကားရာ‌နေရာများရှိ ပြည်သူများ မော်တော်ယာဉ်/ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာစဉ် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်‌ဝေပေးခဲ့ကြောင်း သတင်းရသည်။

ခရိုင် (ပြန်/ဆက်)