မိုင်းရှူး မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများ၊ လူဝင်မှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးတို့ပူးပေါင်း၍ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ ဆောင်ရွက်ပေးခြင်းနှင့် ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)