ခရမ်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ခရမ်း မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့်ကျေးရွာများနှင့် ဆက်စပ်ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှပူးပေါင်း၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့နှင့်နီးကပ်သည့် ဘိုကလေးကျေးရွာ၊ ရေကျော်ကျေးရွာများရှိ ဆိုင်ကလုန်းရှပ်တာများတွင် သောက်သုံးရေများဖြည့်တင်းခြင်း၊ အဆိုပါကျေးရွာများနှင့် ထိစပ်နေသည့် ကင်မွန်းခြုံ၊ စခမ်းကြီး၊ ဆင်မင်းအိုင်၊ ဇီးဖြူပင်ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျေးရွာနေပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် လှည့်လယ်အသိပေးခြင်း၊ ကြက်ခြေနီအသင်းခွဲငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့်အစီစဉ်များ၊ နားခိုရန်သက်မှတ်နေရာများတွင် ကြိုတင်ဆောင်ရွက်ထားမည့် အချက်အလတ်များ အားညှိနှိုင်းဆွေးနွေး၍ မြန်မာနိုင်ငံကြက်‌ခြေနီအသင်းမှ ပေးအပ်ထားသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အသုံးပြုနိုင်သည့်ပစ္စည်းများကို အသုံးပြုတက်စေရန်နည်းပေးပြသခြင်းများကို ခရမ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များက ကျေးရွာသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)