လှည်းကူး မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ သဘာဝဘေးအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှည်းကူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဦးတင်ထွန်းက သဘာဝဘေးဆိုတာဘာတွေလဲ၊ မုန်တိုင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)