မုဒုံ မေ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကော့ပရံကျေးရွာသို့သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်တွေ့သရုပ်ပြသဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာအတွင်းရှိပြည်သူများ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်းတိုင်း၏ အခြေအနေ၊ ဦးတည်ရွေ့လျားရာလမ်းကြောင်းနှင့် ရာသီဥတု အခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ဆောင်ရန် ရှောင်ရန်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)