ကွတ်ခိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်ပွဲ အခမ်းအနားကျင်းပ

ကွတ်ခိုင် မေ  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ရေးအခမ်းအနားကို မန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ် အားကစားကွင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာအခမ်းအနားတွင် ကွတ်ခိုင်မြို့၊ အခြေချစစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးက အဖွင့်အမှာစကားပြောကြားပေးပြီး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ထိထိရောက်ရောက် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှု အခြေနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဖယ်ရှား ရှင်းလင်းခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးတို့ကို သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့သည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် ယာဉ်၊ ယန္တရား၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ ကြိုတင်ပြင် ဆင်ထားရှိမှုအခြေအ‌နေများအား လှည့်လည်ကြည့်ရှု့ခဲ့ကြရာ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးလွှမ်းမိုးအောင်က ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြသမှုကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ အ‌ခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးဦးစီးသော ကွတ်ခိုင်တပ်နယ်မှအရာရှိစစ်သည်များ၊ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (‌ကွတ်ခိုင်)