စမ်းချောင်း မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ (ပြည်ထဲရေးဝန်ကြီးဌာနမိသားစု)က ယမန်နေ့နံနက်ပိုင်း အချိန်တွင်ဆွမ်းဆန်အိတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ (ပြည်ထဲရေးဝန်ကြီးဌာန မိသားစု)က လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်အိတ် စုစုပေါင်း (၂၈)အိတ်ကို ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)