မြစ်သားမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေး နှိုးဆော်

မြစ်သား မေ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်က   မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေး နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့်   မုန်တိုင်းကြောင့်   ပျက်ဆီးဆုံးရှုံးမှုများ   လျော့ချနိုင်စေရန်၊ အများပြည်သူများအနေဖြင့်မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်၊ ပေါ့ပါးပြီး ရေစိုခံကာ သယ်ယူရလွယ်ကူသော အိတ်ဖြင့် ရေနှင့်ဓာတ်ဆားများ၊  ကြာရှည်ခံ အစားအစာများ ၊ အဝတ်အစား ၊ ဘက်ထရီအပြည့်ရှိသော ဖုန်းနှင့်ရေဒီယို၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်၊ ဓာတ်ခဲအပိုများနှင့် အရေးကြီးစာရွက်စာတမ်းများ အစရှိသည်တို့ကို အဆင်သင့် ကြိုတင်ပြင်ဆင်ထားစေရန်၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်ကူတတ်စေရန် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများကို သိရှိစေရန်၊ အရောင်ဖြင့် သတိပေးစနစ် ပြောင်းလဲမှု ဖြစ်စဉ်များကို အထူးသတိထားစောင့်ကြည့်စေရန်၊ နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာ သောမုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဉ်မပြတ် နားထောင်ကြရန်နှင့် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးနှင့် ပတ်သက်၍ ကောလဟာလသတင်းများကို မယုံစားဘဲ တရားဝင်ထုတ်ပြန်သည့်သတင်းများကိုသာ အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များ အားပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား