သက်တော်ရှည် ကျေးဇူးရှင်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမေမာစာရ၏ (၉၈)နှစ်မြောက် ဝိဇာတ မင်္ဂလာကျင်းပ

ကျိုင်းတုံ မေ ၁

ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ သက်တော်ရှည်ကျေးဇူးရှင်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တခေမာစာရ၏ (၉၈)နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းခြင်း မဟာအခမ်းအနားကို မေ(၁၀)ရက် နံနက်(၇)နာရီက ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရတနာတော်မြတ်သုံးပါးအား ဖရောင်းတိုင်ထွန်းညှိပူဇော်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းနှင့် အလှူရှင်ဒါယကာ၊ဒါယိကာမအပေါင်းတို့က သက်တော်ရှည်ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တခေမာစာရထံ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ Assoc.Prof.Dr.Phra RajKhemakorn(Vice.Rector of Phrae Campus, Thai  land ) မှလျှောက်ထားဖွယ်ရာများ လျှောက်ထားပြီး  Asst. Prof.Dr.Boommee Pansa(Assistant to the Retor for Foreign Affairs)မှ ဂုဏ်ထူးဆောင်ပါရဂူ  Certificate လက်မှတ်နှင့် ဂုဏ်ပြုလွှာဖတ်ကြား၍ Assoc.Prof.Dr.Phra Rajkhemakornမှ ကျိုင်းယင်းဆရာတော် ဘဒ္ဒန္တခေမာစာရအား ဘွဲ့တံဆိပ်ပေးအပ်ပြီး Assoc. Prof.Dr.Kiettisak Suklueang (Assistant to the Retor  for  Academic Affairs) မှ ကျိုင်းယင်း ဆရာတော်ဘုရားကြီးအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဝတ်စုံဆက်ကပ်ပေးကြသည်။

ထို့နောက် Asst.Prof.Dr.Boonmee Pansa (Assistant to  the  Retor for Foreign Affairs)မှ ကျိုင်းယင်းဆရာတော်ကြီးအား တိစီရိတ်သင်္ကန်းတာလပတ္တယပ်တောင်တော် ဆက်ကပ်ပေး၍ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအတွင်းရေးမှူးတို့က ကျိုင်းယင်းဆရာတော် ဘဒ္ဒန္တခေမာစာရအား လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမအလှူငွေများ လှူဒါန်းပေးကြသည်။

၎င်းနောက် သက်တော်ရှည် ကျိုင်းယင်းဆရာတော် ဘုရားကြီးမှ ဂုဏ်ပကာရကထာ ကျေးဇူးတင်စကား မုဒိတာကထာ ဝမ်းမြောက်ဖွယ်စကား မိန့်ကြားပေးပြီး ကျိုင်းလဲကျောင်းတိုက် နိုင်ငံတော်ဗဟိုရ်သံဃာဝန်ဆောင် ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်မှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်သည်။

ဆက်လက်၍ သက်တော်ရှည် ကျိုင်းယင်းဆရာတော်ဘဒ္ဒန္တခေမာစာရနှင့် သီလဓမ္မာကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစိပိတ်ဆရာတော်)တို့က မွေးနေ့ကိတ်များခွဲပေး၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံပေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)