ကလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ရေးအဖွဲ့ အသင့်စုဖွဲ့ထားရှိ

ကလော မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် သဘာဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးအဖွဲ့များ အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကယ်ဆယ်ရေးအဖွဲ့အသင့်စုဖွဲ့ထားရှိပြီးဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၁၀ ရက် မွန်းလွှဲ ၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းရာတွင် ကလောခရိုင်/ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ဆောင်ရွက်ခြင်းနှင့် လိုအပ်မည့် ပစ္စည်းကရိယာများ ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုကို ကလောတပ်နယ်တာဝန်ရှိသူများ၊ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကြိုကာလရောက်ရှိလာတော့မည်ဖြစ်၍ ကလောခရိုင်အတွင်း သဘာဝဘေးကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်လာ နိုင်သည့်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကလောချောင်း ဘေးတွင် နေထိုင်သည့်ပြည်သူများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နိုင်ရေးအသိပညာပေးခြင်းနှင့် စုရပ်များကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊  သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များအသင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)