သိန္နီမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးပါးစိုက်တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးသွားမည်

သိန္နီ မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေရန်နှင့်ပြည်တွင်း၌ မိုးစပါးလုံလောက်စွာရရှိစေရန်အတွက် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန်သွင်းအားစုများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မိုးစပါးစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို ထောက်ပံ့သွားမည်ဖြစ်ပြီး စပါးပေါ်ချိန်တွင်စပါးများကို ကာလပေါက်ဈေးဖြင့် သွင်းအားစုနှစ်သိန်းနှုန်းနှင့်အညီ သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုသို့ ပြန်လည်ပေးသွင်းရမည်ဖြစ်သည်။ သိန္နီမြို့နယ် နမ့်စန်စုတ်ကျေးရွာ၊ ပန်လော့ကျေးရွာ၊ ဝိန်းလျှံကျေးရွာ၊ ပန်စုံကျေးရွာ၊ ကောင်းချိုကျေးရွာတို့မှ မိုးစပါးစိုက်တောင်သူ (၆၅)ဦး၊ စိုက်ဧက(၃၀၆)ဧကအတွက် ကျပ်သိန်းပေါင်း(၆၁.၂၀)နှင့် ညီမျှသော သွင်းအားစုများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)