ကျောက်တလုံးကြီး မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် (၁၁)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ မကျေးဥ၏ ဘဝတစ်ဆစ် ကြာတစ်ဆစ်နှင့်အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်များအား စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ လူငယ်များအနေနှင့် စာဖတ်ဝိုင်းဆောင်ရွက် ခြင်းဖြင့် ပြောဆိုဆွေးနွေးတက်သည့် အကျိုးကျေးဇူးများရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာ မကျေးဥ ရေးသားထားသည့် “ဘဝတစ်ဆစ် ကြာတစ်ဆစ်နှင့်အခြားဝတ္တုတိုများ” စာအုပ်မှ “ပေးသည့်ဘက်မှာ ပျော်စရာ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်နန်းဗွာကြည်မှ “မွေးဖ ဂုဏ်ရည်” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နန်းလေခမ်းမှ “ဘဝတစ်ဆစ် ကြာတစ်ဆစ်” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။
ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)