တပ်ကုန်း မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း ဘေးအန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း အသိပညာပေးဆောင်ရွက်ခဲ့သည်။ ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်ရာတွင် မုန်တိုင်းသည် လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းကာ ဆိုင်ကလုန်းမုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲလာနိုင်ကြောင်း၊ မုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူများ၊ ဆည်၊ ချောင်းများအနီ နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက် သတင်းများကို စောင့်ကြည့်၍ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်လျက်ရှိသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ၍ အများပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခဲ့ကြောင်းကြောင်း သိရသည်။
တင်စိုးလွင်