မိုင်းကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစုအဖွဲ့စုစည်းခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား ကြည့်ရှုစစ်ဆေး

မိုင်းကိုင် မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် အစုအဖွဲ့များစုစည်းခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း စုဆောင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို  ယမန်နေ့နေ့လည်  ၁၂  နာရီက  မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။         

ရှေးဦးစွာ  မြို့နယ်သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေးအစုအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား ခွဲဝေချထားခြင်း၊ အရေးပေါ်လိုအပ်လာပါက  မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးစုစည်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိလာပါက  ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုစုမှုများ ဆောင်ရွက်ခြင်း၊ စုဆောင်းထားရှိသည့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အသုံးပြုမှုနှင့် ပစ္စည်းကြံ့ခိုင်ကောင်းမွန်မှုအခြေအနေများကို ဝိုင်းဝန်းကြည့်ရှုစစ်ဆေးကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစုအဖွဲ့လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ချက်ချင်းတုန့်ပြန်ကာကွယ်နိုင်ရေးအစုအဖွဲ့များ စုစည်းမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)