ရန်ကုန် မေ ၁၂
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကမာရွတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေ့ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေက ကမာရွတ်ခရိုင် အနေဖြင့် မုန်တိုင်းများကျရောက်လာပါက မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်းများ၊ လေတိုက်ခြင်းများ သစ်ပင်များပြိုလဲခြင်းများစသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင် ကြုံတွေ့လာနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အစုအဖွဲ့များဖြင့် စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကမာရွတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမောင်သန်းက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရန်၊ ဆပ်ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ကြရန်၊ မုန်တိုင်း ပမာဏပေါ်မူတည်ပြီး အနည်းအများသဘာဝ ဘေးဒဏ်ခံရနိုင်ဖွယ်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားနိုင်မှု အခြေအနေများနှင့ စပ်လျဉ်း၍ ဌာနမှကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားထားရှိမှုများကို ရှင်းလင်းတင်ပြပြီး သဘာဝဘေးဖြစ်ပေါ်လေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ အရေးပေါ်အခြေအနေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ တက်ရောက်လာကြသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များက မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး