တပ်ကုန်း မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြို့မစည်ပင်သာယာစျေးနှင့် စျေးအပြင်ဘက်နှင့် မြို့တွင်းရန်ကုန်-မန္တလေးကားလမ်းလမ်းဆုံတွင် မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလက်ကမ်းများ ဖြန့်ဝေရာတွင် မုန်တိုင်းအန္တရာယ်၊ မုန်တိုင်းကြောင့်မြင့်တက်သည့် ရေလှိုင်း၊ မုန်တိုင်းအင်အားနှင့်ဦးတည်ရာ အလိုက်အရောင်သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီ၊ မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ သတိပြုရန်အချက် စသည့်အကြောင်းအရာများပါဝင်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ၅၀၀ ကို ဈေးရောင်း/ဈေးဝယ် ပြည်သူများနှင့် ခရီးသွားပြည်သူများအားဖြန့်ဝေပေးပြီး၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး ပြောကြားခဲ့ကြောင်းသိရပြီး၊ အဆိုပါလက်ကမ်းများကို နေပြည်တော်ကောင်စီမှ အခမဲ့ထုတ်ဝေပေးကြောင်း သိရသည်။
တင်စိုးလွင်