အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​​​ဆွေးနွေးပွဲ  (Talk Show ) ဆောင်ရွက်

 အလုံ မေ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုနှင့် လက်‌ထောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်တို့က သဘာဝ​ဘေးအန္တရာယ်များထဲမှ  မုန်တိုင်းသတိ​ပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်​နေစဥ် လိုက်နာ​ဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များနှင့် ဖြစ်ပေါ်ပြီးလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို အသိပညာ​​ပေး​ဆွေးနွေး ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင်  အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)