ချောင်းဆုံ မေ ၁၂
ချောင်းဆုံမြို့နယ်အတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့က ဒရယ်ကျေးရွာ တွင်ကွင်းဆင်းဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဆွေကကျေးရွာရှိ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏အခြေအနေ အဆင့်ဆင့်၊ ဦးတည်ရွေ့လျားရာ လမ်းကြောင်းနှင့် ဖြစ်ပွားနိုင်သည့်ရာသီအခြေအနေများကို လည်းကောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်စုရပ်များ သတ်မှတ်ခြင်း၊ ရိက္ခာဆေးဝါးနှင့် အခြားအထောက်အကူပြုပစ္စည်းများ စုဆောင်းထားရှိရမည့် အခြေအနေ၊ မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပြီး အချိန်းများတွင် လိုက်နာရန်အချက်များနှင့်မြို့နယ် ထုတ်ပြန့်ထားသည့် ဒေသန္တရအမိန့်များ လိုက်နာကြရန်စသည့်အချက်များ ပညာပေး ဟောပြောခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)