ဒဂုံမြောက် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အမှတ်(၁၆)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ပြည်သူများအား ယမန်နေ့ညနေပိုင်းက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးခြင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များမှ မုန်တိုင်းအန္တရာယ်ကျရောက်၍ ရေကြီးမှုများဖြစ်ပွားပါက ပလပ်စတစ်(၅)ဂါလံပုံးဖြင့် ရေကြည်ရေသန့် (၂)ပုံးသိုလှောင်ထားရှိရန်နှင့် ရေဘေးကြုံရပါက ၎င်းပလပ်စတစ်ပုံးအား အသုံးပြု၍ လူ့အသက်အန္တရာယ် ကယ်ဆယ်နိုင်ကြောင်း အသိပညာပေးခြင်း၊ မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တို့တွင် ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)