ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Booster Dose ထိုးနှံ

ကျိုင်းတောင်း မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinopharm) Booster Dose ဆေးများကို ယမန်နေ့ နံနက် (၉:၃၀)အချိန်ခန့်တွင် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများကို ကျိုင်းတောင်းတပ်နယ် ဆရာဝန်များနှင့် အဖွဲ့များက တာဝန်ယူ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး(၆)လနှင့်အထက် ထိုးနှံပြီးသူများကို သတ်မှတ်ထားသော အသက်အပိုင်းအခြားလိုက် မိဘပြည်သူ(၂၀၀)ဦးခန့်နှင့် နိုင်ငံ့ဝန်ထမ်း(၅၀)ဦးခန့်တို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)