ကျိုင်းတောင်း မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ မြို့သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ကျိုင်းတောင်း မြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လိုက်လံနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသည်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လိုက်လံနှိုးဆော် အသိပညာပေးကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)