ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း  မေ ၁၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့၊ နေ့လယ် (၁၂)နာရီက မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များဖြစ်ကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်ဌေး နှင့်လူမှုရေးအဖွဲ့အသင်းအဖွဲ့တို့က ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ ပဲသူနန်းကျေးရွာများသို့ သွားရောက်ကာ မုန်တိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို မုန်တိုင်းမကျရောက်မီ ဘေးလွတ်ရာသို့ ဦးစားပေးရွှေ့ပြောင်းနိုင်ရေး၊ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လူ၊ တိရစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက် ဘေးလွတ်ရာစုရပ်များအား ကြိုတင်စီမံဆောင်ရွက်ပေးခဲ့ကြပြီး၊ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်