ရသေ့တောင်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရသေ့တောင်  မေ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌  မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၆ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် မေ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေလမ်းခရီးသွားလားခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့်ချောင်းငယ်မြစ်ငယ်များ အနီးတွင် နေထိုင်ကြသော ပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီကျောင်း၊ စာသင်ကျောင်းများသို့ ကြိုတင်ပြောင်း ရွှေ့ပေးကြပါရန်နှင့် မိမိတို့တွင် အသင့်စားရိက္ခာခြောက်များ စုဆောင်းထားပါရန် အများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ ‌သင်္ဘောဆိပ်၊ မော်တော်ကားဂိတ်နှင့် လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)