အမ်းမြို့၌ သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များ မြို့တွင်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

အမ်း မေ ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ဦးဆောင်မှုဖြင့်ကျင်းပသည့် သဘာဝဘေးအန္တရာယ် ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ပွဲကို ​ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထို့သို့သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်းပရိတ်တရားတော်များ ရပ်ကွက်များ အတွင်းလှည့်လည် ရွက်ဖတ်ပူဇော်ပွဲကို ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များလိုက်ပါ၍ မြို့သူမြို့သား၊ ပြည်သူပြည်သား၊ နိုင်ငံသူနိုင်ငံသားများအားလုံး သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များအား မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ရွက်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)