ကုန်စည်စီးဆင်းမှုလျှင်မြန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ကျဉ်းမြောင်းနေသည့် ကတ္တရာလမ်းပိုင်းအား ကတ္တရာတိုးချဲ့ခင်းပေးရန် လျာထား

ကျောက်ဆည် မေ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းအား ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန် မြို့နယ်လမ်းဦးစီးဌာနမှ လျာထားကြောင်း သိရသည်။ 

လမ်းများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ခွင့်ပြုချက်ရရှိခဲ့ပါကမန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ကျဉ်းမြောင်းနေသည့်လမ်း၏ (၇.၃၄)ကီလိုမီတာနှင့် (၇.၅၄)ကီလိုမီတာကြားရှိ အရှည်(၀.၂)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာကတ္တရာလမ်းအား အကျယ်(၅.၅)မီတာသို့ ကတ္တရာတိုးချဲ့ ခင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား အသုံးပြုနေသည့်ပြည်သူများအတွက် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့် ကုန်ကျမှုစရိတ်များ သက်သာလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)